Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH
Blog EntryMay 20, '10 8:43 PM
for everyone
လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်တုန်းက Social Networking ဆိုဒ်တစ်ခုဖြစ်တဲ့ Facebook ဟာ မြန်မာနိုင်ငံမှာ အခုလောက် အောင်မြင်ကျော်ကြားခြင်း မရှိသေးပါဘူး။ မှတ်မှတ်ရရ ကျွန်တော် အင်တာနက် ဆိုတာကို စစသုံးခြင်း ၂၀၀၇ ကုန်ခါနီး နောက်ပိုင်းတွေမှာ Friendster ဆိုတာ မြန်မာနိုင်ငံမှာတော်တော် နာမည်ကြီးပါတယ်။ အဲ့နောက်ပိုင်း Hi5 ဆိုတာကို သိပါတယ်။ ပြီးတော့ Tagged,Tubley အစရှိတဲ့ Social ဆိုဒ်တွေကို တဖြည်းဖြည်း သုံးရင်း သုံးရင်း နဲ့ ရင်းနှီးလာခဲ့ပါတယ်။ အခု ၂၀၀၉ ခုနှစ် အကုန် ၂၀၁၀ မှာတော့ Facebook ပရိသတ်ဟာ မြန်မာနိုင်ငံမှာလည်း တော်တော်များများ ကိုတွေ့ ရပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အနေနဲ့ ပြောရရင်တော့ လူသန်း ၃၀၀ လောက်ရှိတယ်လို့ စစ်တမ်းများအရ သိရပါတယ်။ အဲံ့ဒါကြောင့် အခုကျွန်တော်တို့ Facebook ဆိုတာ ဘာလဲဆိုတာလေးကို ဆက်လိုက်ကြရအောင်။



-Facebook ဆိုတာ သူငယ်ချင်းတွေ ၊ မိသားစုတွေ ၊ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အရာတွေအတွက် ဖွဲ့ စည်းထားတဲ့လူမှုဆက်ဆံရေးဆိုင်ရာ ( Social Networking) Website တစ်ခုဖြစ်ပါတယ်..

-အအောင်မြင်ဆုံး Social Site တစ်ခုဖြစ်တဲ့ MySpace နဲ့ ယှဉ်ပြိုင်ထိုးဖောက်ပြီး အကြီးမားဆုံး အောင်မြင်မှုရလာတဲ့ Social Website တစ်ခုဖြစ်လာခဲ့ပါတယ်။

-ဒါဆို Facebook မှာ အသုံးပြုလို့ ရတဲ့ Feature တွေအကြောင်း နည်းနည်း ပြောချင်ပါတယ်။Facebook အသုံးပြုသူတွေဟာ ကိုယ်ပိုင် Profile Page တစ်ခုကို ပြုလုပ်ပြီး သူငယ်ချင်းတွေ ဒါမှမဟုတ် Facebook မှာရှိတဲ့ ကမ္ဘာတစ်ဝန်းက လူတွေနဲ့ အပြန်အလှန် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

-ကိုယ်ရဲ့ Profile Page မှာ ကိုယ့်အကြောင်းကို သူငယ်ချင်းတွေသိအောင် ရေးထားနိုင်သလို ၊ တစ်နေ့ တာလုံး ဖြစ်ပျက်ခဲ့တဲ့ ကိုယ့်ရဲ့  ခံစား ချက်တွေကို လည်း Diary သဘောမျိုး ချရေးလို့ ရတယ် ၊ ဓာတ်ပုံတွေအဖွဲ့ အစည်းတွေ(Group) တွေလုပ်နိုင်မယ် ၊ ကိုယ့်ရဲ့  Wall မှာ သူငယ်ချင်းတွေနဲ့  အပြန်အလှန် message တွေ ချန်နိုင်မယ် ၊ တစ်ခြားမသိသေးတဲ့ Network(Facebook ထဲမှာရှိတဲ့) ထဲက သူငယ်ချင်းတွေနဲ့ လည်း message ပို့ လို့ ရမှာ ဖြစ်ပါတယ်။

-သူငယ်ချင်း အသစ်တွေလိုချင်ရင် ဒါမှမဟုတ် ကိုယ်သိတဲ့ သူငယ်ချင်း အသိမိတ်ဆွေတွေကို ရှာချင်တယ်ဆိုရင်တော့ E-mail address ၊ ကျောင်း ၊တက္ကသိုလ် နာမည်ကို ရိုက်ထည့်ပြီးပဲဖြစ်ဖြစ် ၊ အဲ့ဒီ သူငယ်ချင်း မိတ်ဆွေ ရဲ့ နာမည်နဲ့ သူနေတဲ့နေရာကို ရိုက်ထည့်ပြီးပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ ပဲ ရှာဖွေနိုင်ပါတယ်။

-တစ်ယောက်နဲ့ တစ်ယောက် Facebook မှာရင်းနှီးသွားရင်တော့ E-mail address အပါအ၀င် တစ်ယောက်အကြောင်းအစုံအလင်ကို Profile Page မှာ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။

-Facebook မှာ တစ်ခြား Social Website တွေနဲ့ မတူတဲ့ အချက်က တစ်ယောက်ယောက်က ကိုယ့်ကို invite လုပ်ရင်ပဲဖြစ်ဖြစ် ကိုယ်က invite လုပ်ထားတာကို လက်ခံပေးရင်ပဲဖြစ်ဖြစ် E-mail နဲ့ အသိပေးမှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေက ဘယ်သူတွေကို message ပို့ တယ် ၊ ဘယ်သူတွေက ဘာတွေလုပ်တယ်ဆိုတာကိုလည်း E-mail နဲ့ အသိပေး အကြောင်းကြားမှာ ဖြစ်ပါတယ်။

-ပြီးတော့ ကိုယ့်အကြောင်းတွေ ၊ ဓာတ်ပုံတွေကို ကိုယ့်သူငယ်ချင်းတွေက လွဲပြီး ဘယ်သူ့ ကိုမှ မသိစေချင်ရင်လည်း ထုံးစံအတိုင်း Private လုပ်ထားနိုင်ပါတယ်။

-Facebook ကိုလူအသုံးအများဆုံး ဖြစ်လာအောင် လုပ်ပေးလိုက်တဲ့ အားသာချက်တွေထဲက တစ်ခုကတော့ ကိုယ်ကြိုက်သလောက် ဓာတ်ပုံတွေ ရုပ်ရှင်ရိုက်ထားတဲ့ Video တွေကို အကန့် အသတ်မရှိ တင်ထားလို့ ရနိုင်တာပါ ။

-ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီး အနုပညာရှင်များ ဘောလုံး အသင်းများ ရုပ်ရှင်များ အစရှိတဲ့ Group လေးတွေ ဖွဲ့ ပြီး Fan Club အဖြစ် လုပ်နိုင်မယ်။ လုပ်ပြီးသား Fan Club တွေမှာ အဖွဲ့ ဝင်နိုင်မယ်။ ဆွေးနွေးနိုင်မယ် အစရှိတာလေးတွေလည်း လုပ်ဆောင်လို့ ရသေးတယ်။

-Friendster ထက် အားသာသွားတဲ့ အချက်တစ်ချက်ကတော့( ကျွန်တော့် အမြင်ပြောတာပါ)

ကိုယ့်ဓာတ်ပုံမှာပဲဖြစ်ဖြစ် တစ်ခြား သူငယ်ချင်းတစ်ယောက်ရဲ့ ဓာတ်ပုံမှာ ပဲဖြစ်ဖြစ် ကိုယ်က ဓာတ်ပုံထဲမှာ ဘယ်သူဘယ်ဝါ ဆိုတာ သိစေချင်ရင် ကိုယ့်ပုံနေရာမှာ နာမည်တပ်ပေးနိုင်တဲ့ Tag Feature ဆိုတာလေး ပါဝင်လာခြင်းပါ။

-Facebook မှာ Active ဖြစ်ပြီး Online ဖြစ်နေတဲ့ သူငယ်ချင်းတွေနဲ့ လည်း Gtalk မှာ လိုပဲ Chat လို့ ရသေးတယ်။

-အထူးခြားဆုံး နဲ့ လူကြိုက်အများဆုံး ဖြစ်လာတဲ့ Facebook ရဲ့ Feature လေး တစ်ခုကတော့ Application တွေကို စုံစုံစိစိ ထည့်ပေးထားခြင်းလေးပါ။ Game တွေ ၊ Video တွေ ၊ ဗေဒင် တွက်တာလေးတွေ အစရှိတာကို အွန်လိုင်းမှာပဲ ချက်ခြင်း လက်ငင်း ဆော့လို့ ရခြင်း လုပ်ဆောင်လို့ ရခြင်းပါ။ အဲ့ဒီ ထဲမှာမှ Friend For Sale,Mafia World,Café World,Farm Ville,Fish World အစရှိတဲ့ ဂိမ်းလေးတွေကတော့ လူကြိုက်အများဆုံး Application လေးတွေပါ။(အဲ့ ဂိမ်းတွေ ကိုပြုလုပ်တဲ့ Zynga ဂိမ်းကစားသူများမှ ယခုလက်ရှိ ဟေတီ ငလျင်အတွက် လှူဒါန်းငွေမှာ ဒေါ်လာ တစ်သန်းခွဲရှိကြောင်းလည်း သိရှိရသည်။ နိုင်ငံ ၄၇ နိုင်ငံမှ အဆိုပါ ဂိမ်းကစားသူများမှ အဆိုပါလှူဒါန်းမှကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းများမှ ၀င်ငွေဒေါ်လာ သန်း၂၀၀ ရရှိခဲ့ပြီး အများစုသည် ဂိမ်းများအတွင်းသာ ကစား နိုင်သည့် ပစည်းများကို ၀ယ်ယူရာမှ ရရှိသည့် ငွေများ ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်)

-အထက်ပါ အကြောင်းအရာလေးတွေကတော့ Facebook ရဲ့  အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး Feature တွေ ထဲက အနည်းငယ်လောက်ပါ။ ဘယ်လောက် ကောင်းတယ် ဘာတွေကောင်းတယ်ဆိုတာတွေကတော့ ကိုယ်တိုင်ကိုယ်ကျ သုံးကြည့်မှ သိမှာမို့ အမြန်သာသွားပြီး Free Account တစ်ခု ရယူလိုက်ပါတော့…….

-အဲ့လို လူကြိုက်များလာလို့ လည်း အခုလက်ရှိမှာ Facebook ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Social Website တွေထဲမှာ လူကြိုက်အများဆုံး ဖြစ်နေရခြင်းပဲ ဖြစ်ပါတယ်။

ဒီဟာလေးကတော့ Facebook ဆိုတာ ဘာလဲဆိုတာလေးကို Googling လုပ်လိုက်တော့ ရရှိလာတဲ့
ဆိုဒ်တစ်ခုမှ ဆီလျော်အောင် ဘာသာပြန်ထားခြင်းပဲဖြစ်ပါတယ်.. What is Facebook
ဆိုတဲ့နေရာလေးမှာတိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်.. တစ်ခုခု လွဲမှား ဘာသာပြန်မှုရှိနေခဲ့ပါက
ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ ညံ့ဖျင်းမှုသာဖြစ်ပါကြောင်းးးးးး

pinkladyprincess wrote on May 20, '10
ဟုတ်ကျေးဇူးပါ ဗဟုသုတရတဲ့ အတွက်
mmanyu wrote on Feb 12, '11
ကျေးဇူးတင်တယ်ဗျာ တကယ်ပါ
Add a Comment
   
Online Seller

thiha

< >

Google
ning.com
picoodle.com